Posts

"Dandelion Notes"

  ကြယ်ရောင်ပျပျအောက်တွင် ခိုင် မြင်နေရသည်က တံတားတစ်စင်း၊ ထို တံတားပေါ်တွင်ကား ဆံပင်အရှည်နှင့် မိန်းကလေးတစ်ယောက်ဟု ထင်မိလေသည်။ ထိုမိန်းကလေး၏ ပုံသဏ္ဍာန်အား အသေအချာမြင်ရရန် ခိုင် သည် ရှေ့သို့ တိုးကာကြည့်မိ၏။ ခိုင် ရှေ့သို့ တိုးကာ စူးစမ်းလေလေ ထို မိန်းကလေးသည် ရှေ့သို့ ရွေ့လျားလေလေပင် ဖြစ်သည်။ တစ်မိနစ်၊ နှစ်မိနှစ်.......၁၀ မိနစ် အချိန်များကို ရေတွက်ရင်း ခိုင် မောလှပြီ။ မိမိကိုယ်တိုင်၏ နှလုံးခုန်သံနှင့် အသက်ရှူသံတို့ကိုပင် ပြန်ကြားနေရသည်ဟု ထင်မိလေသည်။ မောပန်း၍ ခဏတာ ရပ်သောအခါ ထိုမိန်းကလေး သည်လည်း ရပ်တန့်၍ သွားလေသည်။ နောက်ဆုံးတွင် လိုချင်သောအရာကို မရသည့် ကလေးငယ်သဖွယ် ထအော်ငိုမိလေသည်။ အော်ငို၍ ဝမှပင် ခိုင် ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲ မက်ခဲ့သော အိပ်မက်ဟု သတိရတော့သည်။ သို့ရာတွင်ကား ထို အိပ်မက်ကို ဘယ်အချိန်ကစ၍ မက်ခဲ့သည်ကို စဉ်းစား၍ မရတော့။ ဖြစ်နိုင်သည်မှာ ခိုင် မမှတ်မိနိုင်သည့် အတော်ငယ်သည့် ကာလကတည်းပင်ဖြစ်မည်ထင်သည်။ မက်သည့်အခါတိုင်းလည်း ထိုနေရာ၌ပင် ရပ်တန့်သွားစမြဲပင်။ ထိုအိပ်မက်အား ဒေါ်လေးမှ လွဲ၍ ခိုင် ဘယ်သူ့ကိုမျှ မပြောစဖူး။ ဇော့်ကိုပင် မပြောပြဖူးပေ။ ခိုင် ၏ ဘဝတွင် ဒေါ်လေးနှင့် ဇော် သည် သွ...

"Personal Outburst"

အာဏာသိမ်းပြီးစ ကာလတည်းက ကျွန်မကိုယ်တိုင်ရဲ့ ဝိရောဓိဖြစ်မှုတွေကို ပြန်မေးရင်း ခဏခဏမွန်းကြပ်ရတယ်။ ဒီအကြောင်းကို ရေးဖို့ စဥ်းစားနေတာကြာပေမယ့် page တစ်ခုက ဘာသာပြန်တဲ့ Mark Fisher ရဲ့ Good for Nothing ကို ဖတ်ရင်း ရေးမိသွားတယ်။ သူငယ်ချင်းတစ်ယောက်က ကျွန်မဟာ ivory tower ထဲမှာ ပိတ်မိနေသူလို့ ဆိုတယ်။ ကိုယ်တိုင် ပြန်စဥ်းစားကြည့်တော့လည်း ကျွန်မ လုပ်နေတာနဲ့ ကိုယ်တိုင် ယုံကြည်ချက်တွေဟာ ခဏခဏ ဝိရောဓိဖြစ်ရတာ အမှန်ပါပဲ။ ကျွန်မကိုယ်တိုင်က တန်းတူညီမျှမှုရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို တောင့်တပေမယ့် အတွေးတော်တော်များများဟာ power struggle၊ လူမှုအဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်နေတဲ့ power relations တွေကို မေးခွန်းထုတ်ရင်း၊ အလိုမကျရင်းပဲ အဆုံးသတ်သွားတယ်။ နောက်ပြီး ကျွန်မဘာသာ အားမလိုအားမရ ဖြစ်ရတာက ကျွန်မဟာ အခြားသူနားလည်သဘောပေါက်အောင် စကားပြောတတ်တဲ့ စွမ်းရည်မရှိတာကိုပါပဲ။ ဒါက ဘယ်အချိန်တွေမှာ သိသာလည်း ဆိုရင် ကျွန်မရှေ့မှာ argument တစ်ခုကို အစပျိုးတဲ့အချိန်ပဲ၊ ဥပမာ- ကျွန်မကိုယ်တိုင်က အမြစ်ကနေလှန်ပစ်ပြီး ပြောင်းလဲရမယ် ဆိုတဲ့ လူမှုအဖွဲ့အစည်းအတွင်း စိမ့်ဝင်နေတဲ့ မမျှတတဲ့ ဂျဲန်ဒါ ယူဆချက်တွေ၊ လူမျိုးကြီးဝါဒက မြစ်ဖျားခ...

"IDEOLOGY MATTERS"

  “The first duty of a revolutionary is to be educated” လို့ ကျူးဘားတော်လှန်ရေးရဲ့ အဓိကပြယုဂ်တစ်ခုဖြစ်တဲ့ ချေ က ဆိုခဲ့တယ်။ဒီစကားဟာလည်း နွေးဦးတော်လှန်ရေးမှာ အိုင်ဒီယော်လော်ဂျီ အရွေ့အပြောင်းအလဲ ဖြစ်စေချင်တဲ့သူတွေကြားမှာ ခဏခဏ ကြားရလေ့ရှိတယ်။ အိုင်ဒီယော်လော်ဂျီ အပြောင်းအလဲဟာ လူလတ်တန်းစားတင်မကဘဲ အောက်ခြေလူတန်းစားအထိ ပျံ့နှံ့စီးဆင်းဖို့လိုတယ်လို့မြင်ပါတယ်။ အိုင်ဒီယော်လော်ဂျီဟာ နိုင်ငံတော်ရဲ့လက်နက်လား ဗမာဖြစ်ခြင်းဆိုတဲ့ privilege ကလွဲလို့ သတင်းအချက်အလက်တွေ လက်လှမ်းမမီတဲ့နေရာမှာ ကြီးပြင်းလာသူတစ်ဦးအနေနဲ့ ကျွန်မတွေးမိလာတာက ကျွန်မတို့ရဲ့ သိမှုဘောင်၊ အိုင်ဒီယော်လော်ဂျီဟာ နိုင်ငံတော်က ကန့်သတ်ထားသလောက်ပဲ တွေးခွင့်ရတယ်လို့ ခံစားမိလာတယ်။ ကျောင်းထိုင်ဘုန်းကြီးရဲ့ စကားတစ်ခွန်းဟာ အများကြီး သက်ရောက်မှုရှိတဲ့ နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ မိတ္ထီလာ၊ရခိုင် အရေးခင်းတွေ ဖြစ်တဲ့အချိန်က ဖြစ်ပျက်နေတဲ့ အခြေအနေကိုသတိရလာတယ်။ အဲ့ဒီတုန်းက ဥပုသ်နေ့တွေဆိုရင် အမေက ကျောင်းထိုင်ဘုန်းကြီးဝေလိုက်တဲ့ မဘသ စာစဥ်တွေကို သယ်လာလေ့ရှိတယ်။ ဘုန်းကြီးတွေရဲ့ တရားဟောတဲ့ အကြောင်းအရာတွေမှာလည်း လူမျိုးခြားဆိုင်မှာ မဝယ်ဖို့ (၇၈၆ ကို အားမပေးဘဲ ...