Posts

Showing posts from September, 2022

"ညီမလေး အိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ် ~ မောနွေ"

 

"Dandelion Notes"

  ကြယ်ရောင်ပျပျအောက်တွင် ခိုင် မြင်နေရသည်က တံတားတစ်စင်း၊ ထို တံတားပေါ်တွင်ကား ဆံပင်အရှည်နှင့် မိန်းကလေးတစ်ယောက်ဟု ထင်မိလေသည်။ ထိုမိန်းကလေး၏ ပုံသဏ္ဍာန်အား အသေအချာမြင်ရရန် ခိုင် သည် ရှေ့သို့ တိုးကာကြည့်မိ၏။ ခိုင် ရှေ့သို့ တိုးကာ စူးစမ်းလေလေ ထို မိန်းကလေးသည် ရှေ့သို့ ရွေ့လျားလေလေပင် ဖြစ်သည်။ တစ်မိနစ်၊ နှစ်မိနှစ်.......၁၀ မိနစ် အချိန်များကို ရေတွက်ရင်း ခိုင် မောလှပြီ။ မိမိကိုယ်တိုင်၏ နှလုံးခုန်သံနှင့် အသက်ရှူသံတို့ကိုပင် ပြန်ကြားနေရသည်ဟု ထင်မိလေသည်။ မောပန်း၍ ခဏတာ ရပ်သောအခါ ထိုမိန်းကလေး သည်လည်း ရပ်တန့်၍ သွားလေသည်။ နောက်ဆုံးတွင် လိုချင်သောအရာကို မရသည့် ကလေးငယ်သဖွယ် ထအော်ငိုမိလေသည်။ အော်ငို၍ ဝမှပင် ခိုင် ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲ မက်ခဲ့သော အိပ်မက်ဟု သတိရတော့သည်။ သို့ရာတွင်ကား ထို အိပ်မက်ကို ဘယ်အချိန်ကစ၍ မက်ခဲ့သည်ကို စဉ်းစား၍ မရတော့။ ဖြစ်နိုင်သည်မှာ ခိုင် မမှတ်မိနိုင်သည့် အတော်ငယ်သည့် ကာလကတည်းပင်ဖြစ်မည်ထင်သည်။ မက်သည့်အခါတိုင်းလည်း ထိုနေရာ၌ပင် ရပ်တန့်သွားစမြဲပင်။ ထိုအိပ်မက်အား ဒေါ်လေးမှ လွဲ၍ ခိုင် ဘယ်သူ့ကိုမျှ မပြောစဖူး။ ဇော့်ကိုပင် မပြောပြဖူးပေ။ ခိုင် ၏ ဘဝတွင် ဒေါ်လေးနှင့် ဇော် သည် သွေးသာ