Posts

Showing posts from July, 2022

"IDEOLOGY MATTERS"

  “The first duty of a revolutionary is to be educated” လို့ ကျူးဘားတော်လှန်ရေးရဲ့ အဓိကပြယုဂ်တစ်ခုဖြစ်တဲ့ ချေ က ဆိုခဲ့တယ်။ဒီစကားဟာလည်း နွေးဦးတော်လှန်ရေးမှာ အိုင်ဒီယော်လော်ဂျီ အရွေ့အပြောင်းအလဲ ဖြစ်စေချင်တဲ့သူတွေကြားမှာ ခဏခဏ ကြားရလေ့ရှိတယ်။ အိုင်ဒီယော်လော်ဂျီ အပြောင်းအလဲဟာ လူလတ်တန်းစားတင်မကဘဲ အောက်ခြေလူတန်းစားအထိ ပျံ့နှံ့စီးဆင်းဖို့လိုတယ်လို့မြင်ပါတယ်။ အိုင်ဒီယော်လော်ဂျီဟာ နိုင်ငံတော်ရဲ့လက်နက်လား ဗမာဖြစ်ခြင်းဆိုတဲ့ privilege ကလွဲလို့ သတင်းအချက်အလက်တွေ လက်လှမ်းမမီတဲ့နေရာမှာ ကြီးပြင်းလာသူတစ်ဦးအနေနဲ့ ကျွန်မတွေးမိလာတာက ကျွန်မတို့ရဲ့ သိမှုဘောင်၊ အိုင်ဒီယော်လော်ဂျီဟာ နိုင်ငံတော်က ကန့်သတ်ထားသလောက်ပဲ တွေးခွင့်ရတယ်လို့ ခံစားမိလာတယ်။ ကျောင်းထိုင်ဘုန်းကြီးရဲ့ စကားတစ်ခွန်းဟာ အများကြီး သက်ရောက်မှုရှိတဲ့ နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ မိတ္ထီလာ၊ရခိုင် အရေးခင်းတွေ ဖြစ်တဲ့အချိန်က ဖြစ်ပျက်နေတဲ့ အခြေအနေကိုသတိရလာတယ်။ အဲ့ဒီတုန်းက ဥပုသ်နေ့တွေဆိုရင် အမေက ကျောင်းထိုင်ဘုန်းကြီးဝေလိုက်တဲ့ မဘသ စာစဥ်တွေကို သယ်လာလေ့ရှိတယ်။ ဘုန်းကြီးတွေရဲ့ တရားဟောတဲ့ အကြောင်းအရာတွေမှာလည်း လူမျိုးခြားဆိုင်မှာ မဝယ်ဖို့ (၇၈၆ ကို အားမပေးဘဲ ၉၆၉