Posts

Showing posts from August, 2022

"Personal Outburst"

အာဏာသိမ်းပြီးစ ကာလတည်းက ကျွန်မကိုယ်တိုင်ရဲ့ ဝိရောဓိဖြစ်မှုတွေကို ပြန်မေးရင်း ခဏခဏမွန်းကြပ်ရတယ်။ ဒီအကြောင်းကို ရေးဖို့ စဥ်းစားနေတာကြာပေမယ့် page တစ်ခုက ဘာသာပြန်တဲ့ Mark Fisher ရဲ့ Good for Nothing ကို ဖတ်ရင်း ရေးမိသွားတယ်။ သူငယ်ချင်းတစ်ယောက်က ကျွန်မဟာ ivory tower ထဲမှာ ပိတ်မိနေသူလို့ ဆိုတယ်။ ကိုယ်တိုင် ပြန်စဥ်းစားကြည့်တော့လည်း ကျွန်မ လုပ်နေတာနဲ့ ကိုယ်တိုင် ယုံကြည်ချက်တွေဟာ ခဏခဏ ဝိရောဓိဖြစ်ရတာ အမှန်ပါပဲ။ ကျွန်မကိုယ်တိုင်က တန်းတူညီမျှမှုရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို တောင့်တပေမယ့် အတွေးတော်တော်များများဟာ power struggle၊ လူမှုအဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်နေတဲ့ power relations တွေကို မေးခွန်းထုတ်ရင်း၊ အလိုမကျရင်းပဲ အဆုံးသတ်သွားတယ်။ နောက်ပြီး ကျွန်မဘာသာ အားမလိုအားမရ ဖြစ်ရတာက ကျွန်မဟာ အခြားသူနားလည်သဘောပေါက်အောင် စကားပြောတတ်တဲ့ စွမ်းရည်မရှိတာကိုပါပဲ။ ဒါက ဘယ်အချိန်တွေမှာ သိသာလည်း ဆိုရင် ကျွန်မရှေ့မှာ argument တစ်ခုကို အစပျိုးတဲ့အချိန်ပဲ၊ ဥပမာ- ကျွန်မကိုယ်တိုင်က အမြစ်ကနေလှန်ပစ်ပြီး ပြောင်းလဲရမယ် ဆိုတဲ့ လူမှုအဖွဲ့အစည်းအတွင်း စိမ့်ဝင်နေတဲ့ မမျှတတဲ့ ဂျဲန်ဒါ ယူဆချက်တွေ၊ လူမျိုးကြီးဝါဒက မြစ်ဖျားခ