Posts

Showing posts from August, 2025

"Who Counts As a Feminist"

YouTube video တခုမှာ bell hooks က သူ့ ကျောင်းသူတစ်ယောက်က “သူက ဖမ်မနစ်ဖြစ်တယ်၊ ဒါပေမယ့် anti-abortion ကိုတော့ ဆန့်ကျင်တယ် ပြောတဲ့အခါ သူက အဲ့လိုမျိုးဆို ဖမ်မနစ်လို့ ခေါ်လို့ရမလား” လို့ပြောတာမျိုး ကိုတွေ့တော့ ဂျဲန်ဒါအရေးတက်ကြွလှုပ်ရှားသူတွေက ဖမ်မနစ်ဇမ်ကို ရှုထောင့်မျိုးစုံကနေ အဓိပ္ပာယ်သတ်မှတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ဖမ်မနစ်လို့ နာမည်တပ်ဖို့ ခက်တယ်လို့ ပြောဖူးတာကို ပြန်သတိရမိတယ်။ ကျွန်မတို့က ဖမ်မနစ်ဆိုတာကို ဘယ်လိုနားလည် ထားကြလဲ။ ဖမ်မနစ်တွေက တက်တူးနဲ့လား၊ ဘီယာဆိုင်မှာ အရက်ဝိုင်းမှာ ဆေးလိပ်သောက်နိုင်ရင် ဖမ်မနစ်လား၊  အဲ့ဒါဆိုရင် စက်ရုံထဲက၊လယ်ထဲက စက်ချုပ်သမ၊လယ်သူမ တွေကကော ဖမ်မနစ် မဖြစ်နိုင်ဘူးလား။ ဖမ်မနစ်ဇမ်ကို ရှုထောင့်၊အတွေးအခေါ် အမျိုးမျိုးကို အခြေခံပြီး အမျိုးမျိုးပြောကြပေမယ့် တူညီတာရော မရှိနိုင်ဘူးလား။  ဘာလို့လဲဆိုရင် တစ်သီးပုဂ္ဂလ အခွင့်အရေး၊ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး စတဲ့လှုပ်ရှားမှုတွေဆီကို ဦးတည်တဲ့ လစ်ဘရယ်ဖမ်မနစ်တွေ ရှိသလို သူတို့ရဲ့ လစ်ဘရယ်စံနှုန်းတွေကို ဦးတည်တာဖြစ်တဲ့အတွက် အရင်းရှင်စနစ်ရဲ့ ခေါင်းပုံဖြတ်မှု၊ နယ်ချဲ့ဝါဒ စတာတွေကို ထည့်မစဥ်းစားတဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပ...